azlyrics.biz
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

aung thu ra phyo - ma myint lyrics

Loading...

ရယူခြင်းမဟုတ်တဲ့အချစ်စစ်နဲ့
စွန့်စားပြီးချစ်မယ်ဆိုတဲ့မမြင့်ရယ်
အချိန်မတော် အိမ်ပြန်လမ်းထက်မှာ
ငါ့ကိုဆွေးသွားအောင်
လုပ်ရက်တဲ့ဖိတ်စာရယ်
မင်းလက်ဆောင်ပေးထားတဲ့

ပုဆိုးလေးအား ငါမြတ်နိုးလွန်းလို့ကို
မဝတ်ပဲသိမ်းထားတယ်
နာကျင်မာကိုငါပြန်တွေးမိတိုင်း
အတူတူစီးခဲ့တဲ့ ဒီစက်ဘီးကလေးထက်ဝယ်

ခန်းမကြီးလဲလှနေပြီ

၁၉၈၆ ငါမေ့မရတဲ့နေ့တွေ
တွေးလိုက်တိုင်းမှာငါ့မှာအရင်လိုပဲ
အပေါင်းသင်းများကပြုံးပျော်နေ
စကားတွေတိတ်ဆိတ်လို့
ငါရှက်ပြုံးလေးပြုံးနေပါပြီ
သတိရမိတယ်မြင့်ရယ်..မင်းလေးမသိ

နေ့တွေတဖြည်းဖြည်းနဲ့ပြောင်းသွားတော့

ငါပြန်တွေ့တဲ့နေ့ဟာ ကလေးလေးပွေ့ချီ
အရာရာ..အရင်လိုမဟုတ်တော့တောင်
နင်ဟာသိပ်လှဆဲမို့အံ့သြမိသွားပြီ….
ဟိုးမလှမ်းမကမ်းမှာကားတစီးတွေ့တော့

နင်မပြောပြလည်းငါသတိထားမိသွားပြီ
ဒီလိုအခြေနေမှာငါအလိုက်သိလို့
အသာယာခေါင်းလေးငုံလို့
ငါရှောင်ထွက်ခဲ့ရပြီ…

မေ့ပစ်ဖို့အတွက်ပြောဆိုရင် ငါလေ

အကျင့်ဖြစ်သွားလို့ အဖြေမရှိတော့တဲ့
ငါ့..အခြေအနေပါ
ဆေးလိပ်ရှိရင်ငါ့ကိုလေ ပေးပါ…
အတိတ်ကတို့ရဲ့အကြောင်းတွေကို
ငါလေအမြဲစဉ်းစားနေဆဲ…
သတိရဆဲပါမြင့်ရယ်…
သတိရဆဲပါမြင့်ရယ်….

ခန်းမကြီးလဲလှနေပြီ

၁၉၈၆ ငါမေ့မရတဲ့နေ့တွေ
တွေးလိုက်တိုင်းမှာငါ့မှာအရင်လိုပဲ
အပေါင်းသင်းများကပြုံးပျော်နေ
စကားတွေတိတ်ဆိတ်လို့
ငါရှက်ပြုံးလေးပြုံးနေပါပြီ
သတိရမိတယ်မြင့်ရယ်….
သတိရမိတယ်မြင့်ရယ်..
သတိရမိတယ်မြင့်ရယ်..
မင်းကလေးမသိ..



Random Lyrics

HOT LYRICS

Loading...