
gealluss - life & dreams lyrics
rap 1:
စာကြိုးစားပြီး ပညာရှာပါ ငယ်သောအခါမှာ
စာကို သီချင်းလောက် စိတ်မဝင်စားတဲ့ငါ့အတွက် ရယ်မောစရာဒါ
တကယ်ပြောတာပါ ဂီတနဲ့ ပတ်သတ်လာရင် မလွယ်တော့ပါငါ
လူတွေကြိုက်သလောက်ရယ်မောကာဟားပါစေ လက်မလျှော့ဘူး ဘယ်သောအခါမှ
ငယ်ရွယ်စဉ်အချိန်တုန်းက သီချင်းလုပ်တာနဲ့ အချိန်ဖြုန်းတအား
စာသင်ချိန်မှာသီချင်းတွေရေးခဲ့မိလို့ ရတဲ့ ကြိမ်လုံးများ
မင်းကအဆိုတော် မဖြစ်နိုင်ပါဘူးကွာလို့ ထပ်ကာ နှိမ်ဉီးမလား
တစ်ချိန်မှာ အမှိန်ဆုံးဘဝကနေ ဖြစ်စေရမယ် အထိန်ဆုံးလ
အိမ်လုံးဝ ခွင့်မပြုတဲ့ သီချင်းကိုမှငါ
ခြောက်တန်းကျောင်းသားဘဝကတည်းက ရူးသွပ် အတင်းကိုအားသာ
ဘဝကဘယ်လောက်ပဲ အခက်အခဲတွေနဲ့ ငါ့ကို နင်းဖြိုချပါစေ
တစ်ချိန်ကျ အမြင့်ကိုသွားမှာ ဆိုတဲ့ စိတ်နဲ့ အားတင်းလို့ထားတာ
စာမေးပွဲအတွက် ကျောင်းသားတွေ စာကျက်ကာလေးနက် နေတဲ့ အချိန်မှာ
ငါကဖတ်စာလေးရဲ့ နောက်မှာ သီချင်းတွေ ဆက်ကာရေးဖွဲ့တာကို
ဆရာမမြင်တော့ တစ်တန်းလုံးကြားအောင် ဖတ်ပါပေးခဲ့
ထပ်ကာမတွေးရဲ အားလုံးဝိုင်း ဟားကြတော့ ငါ့မျက်နှာလေးငယ်
စာကျက်ချိန်မှာသီချင်းတွေ ရေးဆိုမိလို့ အပြစ်တွေဆက်ကာပေးခဲ့
အမှိုက်တွေကောက်ခိုင်း ဖားခုန်ခိုင်းပြီး အိမ်သာတွေ ပတ်ကာဆေးတဲ့
ကျောင်းထဲကထွက်ကာပြေးခဲ့ချင်လဲ ငါ တစ်စက်မှ သွေးမနည်း
ကံတရားကသက်ညှာမပေးလဲ သီချင်းအတွက်ဆို အသက်ပါပေးရဲတယ်
ပြဿနာအသေးအဖွဲတွေကအကြီးဆုံး အနာတရအဖြစ် ငါ့ရင်မှာ ထပ်စိုက်ထွင်းသွား
အကွက်လိုက် အထင်းသား မြင်ခဲ့ရတဲ့ လူ့အဖွဲ့စည်းရဲ့ ဘက်လိုက်ခြင်းများ
ငါ့ကို ဖြစ်နိုင်မှာမဟုတ်ဖူးလို့ ထပ်အကြိုက်မင်းဟားလဲ ရပ်လိုက်မစဉ်းစားနဲ့
that’s right ဆက်တိုက်သီချင်းများဖန်တီးမယ် ငါဘဝမှာငါသာ ဇာတ်လိုက်မင်းသားပဲ
chorus:
အိပ်မက်များစွာ အို မက်ခွင့်ရှိတယ်
လူသားတွေတချို့က နှိမ်ချင်တယ်
မိုးခါးရေထဲ ငါကြိုးစားနေဆဲ
ဒီလိုလမ်းတစ်ဝက်မှာ ငါ့အနာဂတ်ဟာ ဝိုးတဝါးတွေနဲ့
တစ်နေ့နေ့တော့ ရောက်အောင်လာမယ့်
အလင်းတန်းများဆီသို့
နွေးထွေးစွာ စောင့်မျှော်နေမယ်
rap 2:
ငါ့နေ့စဉ်ဘဝမှာ လေးပင်လှစွာ
အလုပ်ကိစ္စတွေ နေ့အပြင်ညပါ တွေ့မြင်ရတာတွေက တွေးရင် သနားစရာ
မိုးလင်းမိုးချုပ်အလုပ်ထဲမှာ သံကြိုးခတ်ထားတဲ့ ခွေးအသွင်ဘဝသာ
ငါလဲ တာဝန် pressure စိတ်ရှုတ်စရာတွေရဲ့ အဝေးဆုံးကို ပြေးချင်လှတာ
18နှစ်ဆိုတာ လွတ်လပ်လို့အကောင်းဆုံး ဆယ်ကျော်သက်အရွယ်
ရှယ်အဖော်မက်တယ် လူငယ်ပီပီ လည်ပျော်ပတ်မယ်
မလုပ်ချင်တွေတာတွေ လုပ်ရပြီးအချိန်ကုန်နေတော့ ဘယ်ပျော်တတ်မလဲ
တကယ်နော်ခက်တယ် ကဲ y yumm မင်းအလုပ် ဘယ်တော့ထွက်မလဲ
ရောက်တဲ့ဘဝနဲ့ အိမ်မက်တွေက အရမ်းကွာဝေးလျက်
စာဝတ်နေရေးအတွက် ကျန်းမာရေးအတွက် ဝမ်းစာရေးမပျက်ဖို့
စိတ်ညစ်စရာတွေ အရမ်းသာပြည့်နှက် ပင်ပန်းကာချွေးစက်တွေကျလဲ
ဒီသီချင်းကို လှမ်းကာရေးစပ်ပြီး run ကာရှေ့ဆက်
လမ်းမှာအကွေ့အပတ် အတားအဆီး အခက်အခဲတွေများစဲ
အပြတ်ခဲလေသမျှ ဆက်သဲရေကျခဲ့တဲ့ ရက်စွဲတွေကမနည်း
ဘဝမှာ ထပ်လဲ၍ကျလဲ အမှတ်သည်းချေတအားနည်း
အသက်ပဲ သေသွားမယ် ငါလိုချင်တဲ့ ပန်းတိုင် မရောက်မချင်း မရပ်ပဲလေသွားခဲ့
အသက်ငယ်သော်လည်း ဖိအားရဲ့ပမာဏ ရှိသွားတဲ့အခါကျ
ဘဝရဲ့အကြောင်းကို အလုပ်လုပ်မှပို သိသွားခဲ့တာဗျ
ပီသခဲ့ဆရာသမား ဖြည်ချခဲ့မာန
ဒုက္ခတွေကို မရီရတဲ့ဟာသလို ရှေ့ဆက်ပြီး အသိတရားနဲ့သာသွား
သီချင်းလုပ်ဖို့ စိတ်လူပင်ပန်း အပီ အားခဲလာသမျှ
ဒီတစ်လလဲ ရှားထားတဲ့ငွေ ကြာတော့ ငါ့အတွက် အီသွားတဲ့ အာဟာရ
beat bar လဲ အထာကျ ဂီတနဲ့စာသားတွေပဲ
ရေးစပ်ဖန်တီးချင်တဲ့ လူငယ်တစ်ယောက်အတွက် ပေးခဲ့တဲ့ အချိန်နဲ့ ရတဲ့ငွေဟာ ညီမျှခဲ့ပါသလား
chorus:
အိပ်မက်များစွာ အို မက်ခွင့်ရှိတယ်
လူသားတွေတချို့က နှိမ်ချင်တယ်
မိုးခါးရေထဲ ငါကြိုးစားနေဆဲ
ဒီလိုလမ်းတစ်ဝက်မှာ ငါ့အနာဂတ်ဟာ ဝိုးတဝါးတွေနဲ့
တစ်နေ့နေ့တော့ ရောက်အောင်လာမယ့်
အလင်းတန်းများဆီသို့
နွေးထွေးစွာ စောင့်မျှော်နေမယ်
Random Lyrics
- benjklay - lola bunny lyrics
- icielani - lyftd ft. uncle luke lyrics
- big yba - play yo part lyrics
- legallyrxx - once:once lyrics
- peonies - truth lyrics
- iglis - bout’ u lyrics
- tk (fra) - du mauvais côté de l’amour lyrics
- gingerbby - runaway lyrics
- lil xxel - mental battles lyrics
- man v - ngiyak'thanda lyrics