
gealluss - moe sat myar ka pyaw thaw(feat. torar shay) lyrics
မိုးရေထဲမှာထီးအတူဆောင်း
နှစ်ယောက်လုံးစိုရွှဲကာချစ်တုန်း
လူကြီးတွေမသိအောင်ဖုန်းတွေပြော
မနက်ခင်းတွေအဓိပ္ပါယ်အပြည့်ဆုံး
ဘာတွေမှားယွင်းသွားတာလဲ
စဉ်းစားမရပါခက်ခဲ
ရန်တွေဖြစ်လိုက်ကြပြန်ချစ်လိုက်ကြနဲ့
အချစ်တွေတိုးလာတာပေါ့
အရွယ်ရောက်စငါ့နှလုံးသားလေးက
နင့်အပေါ်နစ်လာပါရော
အရမ်းချစ်ခဲ့ကြတယ်လေ
ဒီလိုဇာတ်သိမ်းလေးတော့မဖြစ်ချင်ဘူး
တချို့အချစ်တွေကလေထဲမှာ
တချို့အချစ်တွေကျရင်ထဲမှာ
တချို့အချစ်တွေက
မှောင်မဲပြီးလှောင်ပိန်းနေလဲ
ပျော်ရွှင်တဲ့လူအချို့ကတော့ယုံဆဲပါ
တချို့အချစ်တွေကျ
ဖြူစင်တယ်ယုန်တွေလို
တချို့အချစ်တွေကျကျန်ခဲ့တဲ့ပုံပြင်လို
တချို့အချစ်တွေကျ
ဘာဆိုဘာမှမဟုတ်ခဲ့ပဲနဲ့
ဘဝကိုပါပျက်လောက်တဲ့အထိ
အရာရာပုံနေသလို
ဆုံမှတ်တို့မရှိတဲ့
မျဉ်းပြိုင်နှစ်ကြောင်းလို
ဝေးပြီငါတို့ဝေး
တခါတလေတော့လည်းသတိရမိတယ်
အဆင်ပြေပါ့မလားစိတ်ပူဆဲ
ဘယ်တော့မှထပ်တွေ့ဖို့တော့
မဖြစ်နိုင်ဝေးပြီငါတို့ဝေး
ဘယ်လိုအရာမှမနှစ်သိမ့်နိုင်ဘူး
သေရာပါငါ့အလွမ်းတွေယူ
ထွက်သွားလေသူ
တချို့အချစ်တွေကနန်းတော်ထဲ
တချို့အချစ်တွေကျလမ်းပေါ်ဝဲ
တကယ်တမ်းကျတော့
အရေးကြီးတာနားလည်မှုနဲ့နှစ်ဦးသား
သက်ဆုံးတိုင်မြဲဖို့ပဲ
တချို့အချစ်တွေကသကြားနဲ့တူ
တချို့အချစ်တွေကျဓားနဲ့တူ
တချို့လူတွေအတွက်ကျတော့
first love ဆိုတာကြီးကို
ပြန်မကြားချင်လောက်အောင်
နားမှာခါးခဲ့ဖူးတယ်
ကော်ဖီဆိုင်ထဲက
ပျော်ရွှင်စရာအလွမ်းများ
ငါ့အလွမ်းများ
တွေးနေမိတာတစ်နေ့မှ
မမေ့သေးဘူးငါ့မှာ
ဒီအပေါ်ယံတွေရဲ့ကြား
နင်ငိုနေမှာငါစိုးတာ
ထွက်မသွားဖို့တားချင်ပေမယ့်
ငါမင်းရဲ့စိတ်ကိုအလိုလိုက်တာ
Random Lyrics
- shadow isolation - golden teeth lyrics
- marcos vidal - contracorriente lyrics
- keith & kristyn getty - on jordan's stormy banks lyrics
- i'm yxno - star struck! lyrics
- eye of doom - power drive lyrics
- rob49 - houston girls lyrics
- dissah dzu - sarah 2 lyrics
- abbey glover - all eyes on me (bo burnham cover) lyrics
- marky b - big saloon lyrics
- lvmrig - вега (vega) lyrics