
may - amnesia (a tate mae yaw gar) lyrics
[may]
အမှားအယွင်းများနဲ့ လဲပြိုကျလာ
ဘ၀စာမျက်နှာ
ကျန်ရစ်ခဲ့ပြီးတဲ့နောက်မှာ
မနက်ဆိုအိပ်ငိုက်ခြင်းများနဲ့
နေပူရင်းနဲ့မိုးရွာချသလိုပဲ
ပြုံးနေရင်းတောင် မျက်ရည်ဝဲ
အတိတ်မေ့ရောဂါမျိုးဖြစ်ချင်မိတယ်
တိတ်ဆိတ်သွားတဲ့စက်ဝိုင်းထဲမှာ
အဖြူရောင်တွေ မရှိတော့ပါ
ပြောင်းလဲခြင်းတွေ ရေတွက်ရင်းသာ
ခံနိုင်ရည်ကုန်ဆုံးလို့
တချိန်ချိန်မှာ ဒါတွေအားလုံး
မေ့ပျောက်ချင်တယ်
အခြေအနေတွေ အသစ်ပြန်အစပြုလို့ ရရင်ကောင်းမယ်
အို အတိတ်မေ့ရောဂါရယ်
ငါ့အတွေးနဲ့အသိကို ယူသွားလိုက်ပါကွယ်
[zig]
အကြိမ်ကြိမ်ရှုံးနိမ့်မှုနဲ့ပေါင်းသင်းနေခဲ့
၀န်မလေးဘူး အမြဲတမ်းဆက်လျှောက်နေလဲ
ဒီတခေါက်ရဲ့ရှုံးနိမ့်ခြင်းက ငါ့ကိုနိုင်ခဲ့တယ်
တိမ်တိုက်တွေမရှိတဲ့ကောင်းကင်မျိုး
ကွက်လပ်များနဲ့ပြည့်နေတဲ့ ဒီစိတ်တွေကို
အတိတ်မေ့ရောဂါဖြစ်ဖို့ ငါတောင်းဆို
[zig and may]
တိတ်ဆိတ်သွားတဲ့စက်ဝိုင်းထဲမှာ
အဖြူရောင်တွေ မရှိတော့ပါ
ပြောင်းလဲခြင်းတွေ ရေတွက်ရင်းသာ
[zig]
ခံနိုင်ရည်ကုန်ဆုံးလို့
[may]
တချိန်ချိန်မှာ ဒါတွေအားလုံး
မေ့ပျောက်ချင်တယ်
အခြေအနေတွေ အသစ်ပြန်အစပြုလို့ ရရင်ကောင်းမယ်
တချိန်ချိန်မှာ ဒါတွေအားလုံး
မေ့ပျောက်ချင်တယ်
အခြေအနေတွေ အသစ်ပြန်အစပြုလို့ ရရင်ကောင်းမယ်
အို အတိတ်မေ့ရောဂါရယ်
ငါ့အတွေးနဲ့အသိကို ယူသွားလိုက်ပါကွယ်
အို အတိတ်မေ့ရောဂါရယ်
အို အတိတ်မေ့ရောဂါရယ်
အို အတိတ်မေ့ရောဂါရယ်
အို အတိတ်မေ့ရောဂါရယ်
Random Lyrics
- db mandala, fat rorry & gace poris - lensa biru prada lyrics
- jakz - pz & qz lyrics
- lofty305 - i can make it happen lyrics
- ruby sushi and thejoy - ordinary (alex warren and ruby sushi and thejoy) lyrics
- anonymous ember - back from the dead freestyle / first day out lyrics
- europe - stormwind (live stockholm 1986) lyrics
- tonsofpizza - i'm missing you, mr. moon lyrics
- kobold - a deadly hug of vengeance lyrics
- superet - what she wants lyrics
- pesawat - luluh lyrics