azlyrics.biz
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

လေးဖြူ (lay phyu) - မရေရာဘူး (ma yiyar boo) lyrics


အမှောင်ညထဲ ကြွေကာပျက်
မလင်းလက်တော့တဲ့ ကြယ်များအကြောင်း
ပင်လယ်အရောက် အကုန်ကွယ်ပျောက်
စမ်းချောင်းနဲ့ရေပွက်လေးအကြောင်း

လေထုထဲ ပြယ်ကာပျက်
ပန်းပွင့်များရဲ့ ရနံ့များအကြောင်း
အချိန်တွေထဲ အကုန်ပြိုလဲ
ထားခဲ့ရမယ့် အတိတ်များအကြောင်း

တိုးတိုးလေးကြားတယ် အသံများဟာ ကြေကွဲလို့
တိတ်တိတ်ဆိတ်ဆိတ်နဲ့သိနားလည် ငိုကြွေးလို့

မရေရာဘူး မသေချာဘူး မပြီးဆုံးဘူး
မသေချာဘူး မရေရာဘူး မမြဲသေးဘူး…အိုး
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှမရှိဘူး
ရပ်တန့်လို့မရဘူး…

တိုးတိုးလေးကြားတယ်အသံများဟာ ကြေကွဲလို့
တိတ်တိတ်ဆိတ်ဆိတ်နဲ့သိနားလည် ငိုကြွေးဖို့

မရေရာဘူး မသေချာဘူး မပြီးဆုံးဘူး
မသေချာဘူး မရေရာဘူး မမြဲသေးဘူး…အား
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှမရှိဘူး
ရပ်တန့်လို့မရဘူး…
အို… ရပ်တန့်လို့မရဘူး…



Random Lyrics

HOT LYRICS

Loading...