
လေးဖြူ (lay phyu) - လိပ်ပြာ (lake pia) lyrics
ငယ်ရွယ်စဉ်ချိန် ပြန်မြင်ယောင်ရယ်
အရင်အတိတ်ဘဝ အိပ်မက်
ပုံပြင်ဆန်တဲ့ မြို့လေးထဲ
ရင်ခုန်သံတွေ သင်ကြားရင်း လျှောက်ခဲ့
နှင်းများကျနေတဲ့ လမ်းထဲ
ကလေးတစ်ယောက်အပူအပင်မဲ့
အဝေးက အစိမ်းရောင်
မြက်ခင်းပြင်ထဲ ကြီးပြင်းရင်းနဲ့
ဒဏ္ဍာရီလို့ စိတ်ကူးများပီပြင်လာမယ်
ယုံစားတတ်တဲ့ဘဝ လွင်ပြင်ကျယ်ရဲ့
တစ်ဖက်စွန်းက ဘယ်လိုနေမယ်
ငါမသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့
စဉ်းစား လိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က
မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဖက်မှာဘာတွေရှိမယ်
အိုး… မိုးကုတ်စက်ဝိုင်း ဟိုးအစွန်းတစ်ဖက်မှာ
ဘာတွေရှိမယ် လွင်ပြင်ကျယ် ဟိုဘက်စွန်းက
ဒဏ္ဍာရီပုံပြင်ထဲက စံပျော်ရာ ဘုံဆောင်နန်းများ
ယုံကြည်စွာရှာဖွေဆဲပါ အချိန်တွေကြာ
ခြေကုန်လက်ပန်းကျ အိမ်ကိုပြန်မယ်
ငါစိတ်ကူးမှ အမှောင်ဝင်နေပြီ
ငါတစ်ယောက်တည်း အဝေးဆုံးမှာ
လမ်းပျောက်နေပြီ
အစိမ်းရောက်မြက်ခင်းများ ဟိုးအဝေးမှာကျန်နေပြီ
ဒဏ္ဍာရီလို့ စိတ်ကူးများပီပြင်လာမယ်
ယုံစားတတ်တဲ့ဘဝ လွင်ပြင်ကျယ်ရဲ့
တစ်ဖက်စွန်းက ဘယ်လိုနေမယ်
ငါမသိရ အတွေးများ
ကလေးလေးတစ်ယောက်ရဲ့ စိတ်ကူးနဲ့
စဉ်းစား လိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က
မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဖက်မှာဘာတွေရှိမယ်
အိုး… မိုးကုတ်စက်ဝိုင်း ဟိုးအစွန်းတစ်ဖက်မှာ
ဘာတွေရှိမယ် လွင်ပြင်ကျယ် ဟိုဘက်စွန်းက
ဒဏ္ဍာရီပုံပြင်ထဲက စံပျော်ရာ ဘုံဆောင်နန်းများ
ယုံကြည်စွာရှာဖွေဆဲပါ အချိန်တွေကြာ
ခြေကုန်လက်ပန်းကျ အိမ်ကိုပြန်မယ်
ငါစိတ်ကူးမှ အမှောင်ဝင်နေပြီ
ငါတစ်ယောက်တည်း အဝေးဆုံးမှာ
လမ်းပျောက်နေပြီ
အစိမ်းရောက်မြက်ခင်းများ ဟိုးအဝေးမှာကျန်နေပြီ
Random Lyrics
- william matthews - glory to glory lyrics
- tienas - letterbomb lyrics
- aol - 1-800-cybr-grl lyrics
- ugo feat. rapturous - surugede lyrics
- marcus gordon - farve lyrics
- tauheed - pen pals lyrics
- inspace - кроме твоего лица (except for your face) lyrics
- singi - jete e cmendme lyrics
- nyks - #hot16challenge lyrics
- rapha ello - limitless lyrics