
whyphy - sate mae khayee thwar (စိတ်မဲ့ခရီးသွား) lyrics
ငါငေးမောကြည့်နေ ပင်လယ်ပြင်ကြီးထဲ
ရီဝေနေ မျက်ဝန်းလေးများ
အို စိတ်တို့နွမ်းနယ် ဒီဆူညံနေခြင်းနဲ့
ရေပြင်အလယ် တစ်ယောက်တည်း ခရီးသွား …
ငါစဉ်းစားမိတယ် သူဘယ်ဆီမှာများလဲ
ရင်ခွင်တွေ ကမ္ဘာတခြမ်းဝေးလွန်းတဲ့အခါ
ဂုဏ်ဒြပ်တို့နောက်ကွယ် လူသူတွေမရှိပဲ
သန်းခေါင်ယံတွေ ကျော်ဖြတ်ရင်း ဝေး …
မလိုလားပေမဲ့လဲ ရောက်ရှိနေခဲ့တာ
(ပင်လယ်ရေသံ ငါငြီးငွေ့ ပြီ)
အိမ်အငွေ့အသက်များရဲ့ အဝေးဆုံးမှာပဲ/မြင်ကွင်းတွေအသစ်အသစ်မပြောင်းလဲနိုင်ခဲ့
(ရွက်လွှင့်ဆဲ ဘဝခရီးသည်)
ရင်ထဲမှာ လွမ်းဆွေး အချစ်ရဲ့ /ချစ်သူ့ပုံရိပ်တွေ
(အချိန်ကြာလာလေ ငါ အရူးရင့်လေ)
ဘယ်တော့များမှဘဝရဲ့အနှစ်တို့တွေ့မလဲ
နွေးထွေးခြင်းများအား တခန်းရပ်ကာ
မလိုချင်ရာအရပ်မှာ လွင့်မျောရင်း စိတ်မဲ့ခရီးသွား
ငါမလှမ်းချင်တဲ့ ခြေလှမ်းတွေနဲ့
ဒီစိတ်ကိုလဲ အတင်းအကျပ်ချုပ်တည်းကာ
ငါမရောက်ချင်ပဲ ရောက်နေခဲ့ အရပ်တွေထဲ
အရိပ်မဲ့ ဒီခရီးသွား စိတ်မဲ့ ဒီခရီးသွား အို ခရီးသွား
Random Lyrics
- bacchae - burn lyrics
- mankirt aulakh - glock lyrics
- dannyp - minecraft anthem lyrics
- michael "mikey" foster - home lyrics
- kevin kazi - touch + instinct lyrics
- b.frnce - afraid lyrics
- song ga in - pictures of my heart (내 마음의 사진) lyrics
- young coal miner - bean juice lyrics
- mathea-mari - afrika lyrics
- ktcg - anarchy freestyle lyrics