azlyrics.biz
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

charm tunes – တစ္ဆေလိုပဲ (ta say lo bell) lyrics

Loading...

တစ္ဆေလိုပဲ (ta say lo bell) lyrics
[intro]
ရည်းစားဖြစ်စမှာ ဘယ်သူမှ အဲ့လောက် မချစ်ကြဘူး ။ တစ်ယောက်က အသစ်ရသွားနိုင်သလို နောက်တစ်ယောက်ကလည်း ပစ်ချသွားနိုင်တယ် ။ ဒါပေမယ့် တကယ်ချစ်ပါတယ်ဆိုတဲ့အချိန်ကျမှ ခေတ္တကစားတယ်ဆိုတာတော့ ငါ့ဘက်က နစ်နာလွန်းပါတယ် ။ ရတယ် ၊ နင့်ဟာနင် မေတ္တာပဲမဲ့မဲ့ သစ္စာပဲနည်းနည်း ၊ နင့်ကိုငါ့လောက်ချစ်တဲ့သူ အနှစ်တစ်ရာ ရှာရင်တောင် ဖြစ်လာမှာ မဟုတ်ဘူး ။ ငါ့အနားက အတင်းခွာတဲ့နင့်အတွက် ဆုတောင်းပေးပါတယ် ။ နင့်အပါးမှာ ခစားသမျှ လူတိုင်းရဲ့အချစ် ငါ့ အချစ်လိုမျိုး စစ်ပါစေ ။

[verse 1]
အတွေးမဲ့ ပုံရိပ်တွေ ၊ ပြိုလဲခဲ့ အိပ်မက်များ ၊ ချနင်းခဲ့တဲ့ မနက်ဖြန်တွေ ။ တိမ်များအကြားကတိုက်အိမ် ၊ ပြည်ဖုံးကားကုလားကာချ ကြိုးပြတ်သွားတဲ့ ရုပ်သေးလို ဦးတည်ရာမဲ့

[chorus]
ပြေးထွက်ဆဲ အနမ်းတွေကို ဖမ်းဆုပ်ဖို့ ဟစ်အော်သံ‌တွေ နားထဲမှာ စွဲကျန်နေ ၊ မယုံနိုင်လည်း အတိတ်က တံလျှပ်တွေက တံတိုင်းများလို ဆီးကာနေ ၊ ခြောက်လှန့်နေဆဲ တစ္ဆေလိုပဲ ။

[verse 2]
မင်းနဲ့ငါချစ်ခဲ့တာ ရင်ဘတ်မှာ တံဆိပ်ကပ်လို့ထား ၊ တဒဂ်တွေ အမြင်မှားစေ ငါ့အနားမှာ ဝဲလို့ပျံသွား ၊ အကြောင်းအရင်းမဲ့ ခေါင်းစဥ်မဲ့ ဘဝ၁ခုလုံး စတေးခဲ့တာမှ နင်ပစ်ချပြီး အဝေးဆုံးကို ငါ့အနားက ပြေးထွက်ပြီလား ? အတူရှိချိန် ထားခဲ့တဲ့ ကတိတို့ကို မှတ်မိနေသော အဖြစ်အပျက်တွေ ဓားနဲ့ငါ မွှန်းပစ်ချင် မခံစားနိုင်တော့ ၊ ငါရူးပြီလား ? သူစိမ်းလိုမျိုး အဖြစ်ဆိုးတွေ အခုထိနာတယ် ။ နင်မရှိတော့ ငါ့ရဲ့ အနာဂတ်က ဦးတည်ရာမဲ့

[chorus]
ပြေးထွက်ဆဲ အနမ်းတွေကို ဖမ်းဆုပ်ဖို့ ဟစ်အော်သံ‌တွေ နားထဲမှာ စွဲကျန်နေ ၊ မယုံနိုင်လည်း အတိတ်က တံလျှပ်တွေက တံတိုင်းများလို ဆီးကာနေ ၊ ခြောက်လှန့်နေဆဲ တစ္ဆေလိုပဲ ။

[bridge]
ရှင်သန်ခြင်း နေ့ရက်တွေမှာ ဘဝတို့ ကွာဝေးခဲ့ ၊ ဒဏ်ရာများ အဆီးအတားမဲ့ ဆူးနင့်နေတယ် ။ အိပ်မက်ထဲ အခါခါမြင်တွေ့တယ် ၊ နာကျင်နေသေးလည်း ကြာလာရင် အဝေးကို တစ်နေ့တော့ မြူခိုးလိုပျောက်ကွယ်မယ် ။ ခြေရာတွေထပ်ခဲ့တဲ့ လမ်းမီးတိုင်အောက်ကို အတူတူလို့ မျှော်မှန်းပြီး ငါလျှောက်တယ် ၊ အလွမ်းတို့နဲ့ တစ်ယောက်တည်း အကြိမ်ကြိမ် psycho ဖောက်နေလည်း အဖြေ ငါမရောက်ခဲ့ ၊ အသည်းခိုက်အောင် ကြောက်ခဲ့တဲ့ စည်းတွေကို နင် အလီလီ အခါခါ ဖောက်တယ် ။ ငါဆောက်ခဲ့တဲ့ လေထဲက တိုက်အိမ်လေးကို ဖျောက်ဖျက်ပစ်ရတာက ဘာကြောင့်လဲ ?

[chorus]
ပြေးထွက်ဆဲ အနမ်းတွေကို ဖမ်းဆုပ်ဖို့ ဟစ်အော်သံ‌တွေ နားထဲမှာ စွဲကျန်နေ ၊ မယုံနိုင်လည်း အတိတ်က တံလျှပ်တွေက တံတိုင်းများလို ဆီးကာနေ ၊ ခြောက်လှန့်နေဆဲ တစ္ဆေလိုပဲ ။
[outro]
ကျိုးကြေသွားတဲ့ ပုံရိပ်တွေနဲ့ မှုန်ဝါးတဲ့ အိပ်မက်များ ၊ အရောင်အဆင်းမဲ့တဲ့ မနက်ဖြန်မှာ တိမ်များအကြားက တိုက်အိမ်ကို ပြည်ဖုံးကား ကုလားကာချ ကြိုးပြတ်သွားတဲ့ တစ္ဆေလို မျောလွင့်သွား



Random Lyrics

HOT LYRICS

Loading...