azlyrics.biz
a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9 #

လေးဖြူ (lay phyu) – အဖေ (aphe) lyrics

Loading...

[verse 1]
အဖေနင်းဖြတ်ခဲ့တဲ့ ဘဝရဲ့
ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့ မြေပုံ
လမ်းပြ compass လေးနဲ့
ရှည်လျားလွန်းလှတဲ့လောက တောနက်ထဲ
ကျွန်တော်ရောက်နေပြီ အဖေ..

[verse 2]
သင်ကြားသွားခဲ့တဲ့
အဖေရဲ့စကားသင်ခန်းစာများလည်း
အဖေမရှိတော့တဲ့နောက်မှာ
အထပ်ထပ်တွေးခေါ်ရင်းနဲ့
တန်ဖိုးတွေနားလည်ခဲ့ပြီ
အခွင့်ရှိသေးရင်ကြားချင်တယ်
အဖေ..

[pre+chorus]
အိုး…… အဖေမရှိတော့တဲ့နောက်…
အိုး….. လူလားမြောက်တဲ့နောက်…

[verse 3]
သုညဘဝကစလို့ အဖေရုန်းကန်မြှင့်တင်ပေးခဲ့
ရင်ကော့ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့
လောကဓံတရားလည်း ဖြေရှင်းတိုက်ခိုက်ခဲ့
အဖေရဲ့သတ္တိမျိုးကျွန်တော်ရှိချင်တယ် အဖေ..
[verse 4]
အဖေထွန်းညှိခဲ့တဲ့
အမှောင်ကိုခွင်းမယ့် လမ်းပြမီးနဲ့
အဖေအိပ်မက်ခဲ့တဲ့ အနာဂတ်လောကအကျိုး
သယ်ပိုးမယ် ကျွန်တော့်ကိုယ်ထဲမှာ လည့်ပတ်
အဖေရဲ့ သွေးတွေ ရဲပါတယ် အဖေ..

[pre+chorus]
အိုး…… အဖေမရှိတော့တဲ့နောက်…
အိုး….. လူလားမြောက်တဲ့နောက်…

[chorus]
လှိုင်းထန်လေထဲ မျောတဲ့အခါအထီးကျန်လာတိုင်း
အတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘဝဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေထည်လဲတွေ့တဲ့အခါ တခြားသူမရှိဘူး
ကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်
တမ်းတမိတယ် အဖေ..

[verse 5]
အဖေနင်းဖြတ်ခဲ့တဲ့
ဘဝရဲ့ဆူးတောအပြည့်နဲ့လမ်းထဲ
အဖေပေးသွားခဲ့တဲ့
မြေပုံလမ်းပြ compass လေးနဲ့
ရှည်လျားလွန်းလှတဲ့လောက
တောနက်ထဲ ကျွန်တော်ရောက်နေပြီ အဖေ..
[verse 6]
သုညဘဝကစလို့ အဖေရုန်းကန်မြှင့်တင်ပေးခဲ့
ရင်ကော့ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့
လောကဓံတရားလည်း ဖြေရှင်းတိုက်ခိုက်ခဲ့
အဖေရဲ့သတ္တိမျိုးကျွန်တော်ရှိချင်တယ် အဖေ..

[pre+chorus]
အိုး…… အဖေမရှိတော့တဲ့နောက်…
အိုး… လူလားမြောက်တဲ့နောက်…

[chorus]
လှိုင်းထန်လေထဲ မျောတဲ့အခါ
အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘဝဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေထည်လဲတွေ့တဲ့အခါ တခြားသူမရှိဘူး
ကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်
တမ်းတမိတယ် အဖေ..

[chorus]
လှိုင်းထန်လေထဲ မျောတဲ့အခါ
အထီးကျန်လာတိုင်းကျွန်တော့်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဘဝဒဏ်ချက်များ အိပ်မက်မှာ
မျက်ရည်တွေစို့ရတဲ့အခါ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ
ဒုက္ခတွေထည်လဲတွေ့တဲ့အခါ တခြားသူမရှိဘူး
ကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်
တမ်းတမိတယ် အဖေ…



Random Lyrics

HOT LYRICS

Loading...