raywai – nyein thet (ငြိမ်သက်) lyrics
အိပ်မရတဲ့ညတာ ရှည်လွန်းခဲ့
စီးကရက်များနဲ့ နင်အဖော်ပြုမယ်
ငါသိတယ်
နှိုးမရတဲ့ကောင်းကင်ပြင်ကြီးရဲ့
အလင်းတန်းများလည်း တာဝန်မဲ့နေ
ငါတွေ့တယ်
ကြယ်တွေရော နှုတ်ဆိတ်လို့နေသလား
တူစုံတွဲ ဆွံ့အလို့နေကြ
လေပြေလည်းခုကျမှ ဘယ်မှာ
ငြိမ်သက်ရင်းပုန်းဝှက်နေ
ဟား ဟာ ငါ့ဘေးမှာ
အမုန်းများခင်းပြီးချနင်းလှည့်
ဟား ဟာ ငါ့အဝေးမှာ
နှလုံးသားစီးချင်းပြပွဲနဲ့
ငါ့ဘေးမှာနင်ရှိလား
ငါ့ဘေးမှာနေပေးပါ
တို့ဝေးမယ့်အခိုက်အတန့်များ
အစိုးမရတဲ့ဝန်းကျင်ကျယ်ကြီးထဲ
နှလုံးသားများလည်းပဲကြွေကျတယ်
မြေခခဲ့
မဆုံးသေးတဲ့ခရီးလမ်းအရှည်ကြီးထဲ
သုံးမရတဲ့ဦးနှောက်ကြေမွခဲ့
ကြေမွခဲ့
တူစုံတွဲတိုးဝှေ့ရှိုက်ငိုကြ
ဒဏ်ရာများအေးစက်လို့နေသလား
လေပြေလည်းခုကျမှဘယ်မှာ
ငြိမ်သက်ရင်းပုန်းဝှက်နေ
ဟား ဟာ ငါ့ဘေးမှာ
အမုန်းများခင်းပြီးချနင်းလှည့်
ဟား ဟာ ငါ့အဝေးမှာ
နှလုံးသားစီးချင်းပြပွဲနဲ့
ငါ့ဘေးမှာနင်ရှိလား
ငါ့ဘေးမှာနေပေးပါ
ဟား ဟာ ငါ့ဘေးမှာ
အမုန်းများခင်းပြီးချနင်းလှည့်
ဟား ဟာ ငါ့အဝေးမှာ
နှလုံးသားစီးချင်းပြပွဲနဲ့
ငါ့ဘေးမှာနင်ရှိလား
ငါ့ဘေးမှာနေပေးပါ
တို့ဝေးမယ့်အခိုက်အတန့်များ
Random Lyrics
- buddy guy & junior wells – this old fool lyrics
- alyssa joseph – take me lyrics
- lennon stella – summer feelings lyrics
- sorry, peach – here & now lyrics
- skandaali – jes jes joo lyrics
- midge exley – she wavy lyrics
- ludmila kuchar – when i found you lyrics
- james cole – onatomá lyrics
- isaque sathler – changes, part i lyrics
- landro – painkiller 20 lyrics